Thursday, August 6, 2015
Myanmar PTC တွင်ဝင်ငွေရှာနည်းများ
အရင်ဆုံး myanmarptc ရဲ့ လင့်ဖြစ်သော http://www.myanmarptc.com/home?ref=lkaunglay သို့ ဝင်လိုက်ပါ။ ပုံတွေတင်ပေးလိုက်ပါ့မယ် အစဉ်အတိုင်းသွားလိုက်ပါ။ ၁. ၂. Register ကို နှိပ်ပါ။ ပြီးပါက Login ကိုနှိပ်ပါ။ ဒီလောက်ပါပဲ ကျေးဇူးတင်ပါတယ်။
Wednesday, August 5, 2015
ဆုံနိုင်ခွင့် နှင့် ဘဝသံသရာအကြောင်း သိကောင်းစရာများ
ဆုံနိုင်ခွင့် နှင့် ဘဝသံသရာအကြောင်း သိကောင်းစရာများ ****************************** by ဓမ္မရနံ့ ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။ ဒီဘဝတစ်ခုတည်းကိုပဲ ဘဝထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘဝတွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြံုးရုံပဲ ပြံုးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။ သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူစသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား'' ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။ သတ္တဝါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောကျ်ားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။ တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘဝ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။ ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။ (၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊ (၂) တူညီတဲ့ သီလရှိခြင်း၊ (၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊ (၄) တူညီတဲ့ ဉာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။ ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာ၊ အရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသချေင်္ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။ ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။ ဆုံနိုင်ခွင့်... Author: Dhamma Yanant dhammaweb မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ (ဗဟုသုတတိုးပွားပြီး အသိတရားများရယူနိုင်ကြ ပါစေခင်ဗျာ) (ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန််အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့့််ကုသိုလ်ယူနိုင်ကြ ပါသည်ခင်ဗျာ)
Budda ၏ပုရိသလက္ခဏာများ
(unicode) မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီး (၃၂)ပါး အကြောင်းနှင့် အဘယ့်ကြောင့် ထိုလက္ခဏာတော် များနှင့် ပြည့်စုံရခြင်း အကြောင်းရင်းများ *********************************** လက္ခဏာတော်မှ တစ်ဆင့် (by ဓမ္မရနံ့ ) လက္ခီယတီတိ လက္ခဏံ။ လက္ခီယတေ ဧတေနာတိ လက္ခဏံ။ မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှာ ယောကျ်ားမြတ်တို့ရဲ့ လက္ခဏာ (မဟာပုရိသလက္ခဏာ) ၃၂- ပါး ရှိပါတယ်။ လက္ခဏာတော်ကြီး ၃၂- ပါးလို့ ခေါ်ပါတယ်။ လက္ခဏာတော်ငယ် ၈ဝ- ရှိပါတယ်။ မဟာပုရိသ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဟာ လူ့ဘဝမှာနေရင် စကြဝတေးမင်း၊ ရဟန်းပြုရင် ဘုရားစင်စစ် ဧကန်ဖြစ်ပါတယ်။ စကြဝတေးမင်းလက္ခဏာပါတိုင်း စကြဝတေးမင်း ဖြစ်ပါသလား။ (စက်လက္ခဏာနှင့် ပြည့်စုံပေမယ့် ညောင်ရမ်းမင်းသားလေးဟာ စကြဝတေးမင်း မဖြစ်ခဲ့ပါဘူး။) စကြဝတေးမင်းကျင့်ဝတ်ကို ကျင့်မှသာ စကြာရတနာ ဖြစ်ပေါ်ပြီး စကြဝတေးမင်း ဖြစ်ပါတယ်။ (စကြဝတေးမင်း ကျင့်ဝတ်ကို ပါထိကဝဂ် - စက္ကဝတ္တိသုတ် မြန်မာပြန် - ၅၁ ၌ ဖတ်ရှုနိုင်ပါသည်။) ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်လည်း ဘုရားဖြစ်ကြောင်း ကျင့်စဉ်တို့ကို ကျင့်တော်မူပြီးမှသာ ဘုရားဖြစ်တော်မူပါတယ်။ ဒါ့ကြောင့် လက္ခဏာဆိုတာ အတိတ်ကံရဲ့ အမှတ်အသားမျှသာ ဖြစ်ပါတယ်။ အဲဒီကံရဲ့ ကောင်းကျိုး ပြည့်စုံဖို့၊ မကောင်းကျိုးများ ပျောက်ပျက်ဖို့ကတော့ ပစ္စုပ္ပန်ကံတွေနဲ့ ဖြည့်တန်ဖြည့်၊ ဖျောက်တန်ဖျောက် ရမှာပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံ ပြောင်းရင် လက္ခဏာများလည်း ပြောင်းတတ်တဲ့ သဘောရှိတယ်လို့ (လက်ဖဝါးပေါ်က) အမှတ်အသားတွေကို ယုံကြည်လွန်းသူများ သတိထားမိစေချင်ပါတယ်။ လက္ခဏာဆိုတာ အကြောင်းတရားမဟုတ်ပါဘူး။ ကံသည်သာလျှင် အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်းကံတရားများကို ဆည်းပူးခဲ့လို့ လက္ခဏာတွေ ပေါ်လာပြီး အဲဒီလက္ခဏာရှိတဲ့သူများ ခံစားရတဲ့ အကျိုးတရားတွေကို ခံစားရတာပါ။ ကောင်းကျိုးလက္ခဏာတွေကို ဗုဒ္ဓရှင်တော်ရဲ့ မဟာလက္ခဏာတော်ကြီးများနဲ့ တွဲစပ်ပြီး သဘောလောက် ဖော်ပြချင်ပါတယ်။ ကုသိုလ်ကောင်းမှုနဲ့၊ ကျင့်ဝတ်တရားတွေကို ဝတ်မပြတ်ပုံမှန် လုပ်ဆောင်ခဲ့လို့ (၁) ခြေဖဝါးတော် ညီညာပြီး ရန်သူတွေက မပိတ်ပင် မတားဆီးနိုင်ပါဘူး။ လူအများကို ဘေးကင်းအောင် တရားနှင့်အညီ စောင့်ရှောက်ခြင်း၊ လှူဒါန်းရာမှာ စုံစုံလင်လင် အခြံအရံများနဲ့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့လို့ (၂) ခြေဖဝါးအပြင်မှာ စက်လက္ခဏာတော် ဖြစ်ပေါ်ပြီး အခြံအရံ များပါတယ်။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပြီး သတ္တဝါတွေကို သနားကာ အစီးအပွား လိုလားစောင့်ရှောက်ခဲ့လို့ (၃) ရှည်သော ဖနောင့်ရှိ။ (၄) ရှည်သော ခြေချောင်း၊ လက်ချောင်းရှိ။ (၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိပြီး သူတစ်ပါးက မသတ်ဖြတ်နိုင်ဘဲ အသက်ရှည်ပါတယ်။ စားကောင်း သောက်ဖွယ်တွေ လှူဒါန်းခဲ့လို့ (၆) လက်ဖမိုး-၂ ခု၊ ခြေဖမိုး-၂ ခု၊ ပခုံး-၂ ခု၊ လည်ကုပ်- ၁ ခု အားဖြင့် အရပ်(၇)ပါး အသားပြည့်ဖြိုးပြီး မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါတယ်။ လူအများကို သင်္ဂဟတရားလေးပါးနဲ့ ချီးမြှောက်ခဲ့လို့ (၇) နူးညံ့သော။ (၈) ညီညာသော လက်ခြေရှိပြီး ညီညွတ်သော ပရိသတ် ရှိပါတယ်။ (ကိုယ့်လက်အောက်ငယ်သားတွေ မညီညွတ်ရင်လည်း အလွန်စိတ်ပျက်စရာကောင်း ပါတယ်။ သင်္ဂဟတရားလေးပါးဆိုတာက ပေးသင့်သူကိုပေး၊ ချိုချိုသာသာပြောသင့်သူကို ချိုချိုသာသာပြော၊ အကျိုးဆောင်ပေးသင့်သူကို အကျိုးဆောင်ပေး၊ ကိုယ်နဲ့ထပ်တူထားသင့်သူကို ထပ်တူထားခြင်းတို့ပါပဲ။ ဒါဆို ညီညွတ်သော ပရိသတ်ကို ရရှိမှာ ဖြစ်ပါတယ်။) အကျိုးရှိတဲ့စကား၊ တရားစကားတို့ကို ပြောခဲ့၊ တရားအလှူကို လှူခဲ့လို့ (၉) မြင့်သော ဖမျက်ရှိ။ (၁၀) လကျ်ာရစ်လည်ကာ အထက်သို့ ကော့တက်နေတဲ့ မွေးညှင်းတော်ရှိပြီး အကြီးဆုံး၊ အမြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးသူ ဖြစ်ရပါတယ်။ အတတ်ပညာတို့ကို လွယ်ကူလျင်မြန်စွာ တတ်မြောက်အောင် သေသေချာချာ သင်ကြားပို့ချပေးခဲ့လို့ (၁၁) ပြေပြစ်သော မြင်းခေါင်းတော်ရှိပြီး ပစ္စည်းပရိက္ခရာနဲ့ ပရိတ်သတ်လေးပါး လျင်မြန်စွာ ရရှိပါတယ်။ ပညာရှိတို့ထံ ချဉ်းကပ်ပြီး သိလိုရာကို အဖန်ဖန် မေးမြန်းခဲ့လို့ (၁၂) အသားအရေ ချောမွေ့ပြီး ပညာဉာဏ် ကြီးပါတယ်။ ပညာအရာမှာ သာသူမပြောနဲ့၊ တူသူတောင် မရှိပါဘူး။ ဒေါသမထွက်ခဲ့၊ ဒေါသကို ထင်ရှားမပြခဲ့၊ ရန်ငြိုးမဖွဲ့ခဲ့ / နူးညံ့သိမ်မွေ့တဲ့ အဝတ်တန်ဆာတွေကို လှူဒါန်းခဲ့လို့ (၁၃) ရွှေအဆင်း အသားအရေရှိပြီး ထူးကဲလွန်မြတ်တဲ့ အဝတ်သင်္ကန်း၊ အခင်းတို့ကို ရလွယ်ပါတယ်။ ကောင်းမှုတွေလည်းပဲ မပျက်မစီး တည်ရှိပါတယ်။ ကွဲကွာနေသူတွေကို ပေါင်းဆုံစေ/ ညီညွတ်စေခဲ့လို့ (၁၄) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ် ရှိပြီး စကားကို လိုက်နာတဲ့ တပည့်သာဝကများစွာ ရှိပါတယ်။ ပုဂ္ဂိုလ်ကိုလိုက်၍ ဂုဏ်နဲ့လျော်စွာ ထိုက်ထိုက်တန်တန် ပေးလှူခဲ့လို့ (၁၅) ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိကာ (ပုအိုင့်အိုင့်/ ရှည်မျောမျော မဟုတ်ဘဲ လက်နှစ်ဘက်ဘေးကို ဆန့်ထုတ်ထားတဲ့ အကျယ် အတိုင်းအတာနဲ့ လက်ကို အပေါ်ဆန့်ထားရင် ရှိမယ့် အမြင့်အတိုင်းအတာ ညီမျှ)။ (၁၆) မကိုင်း မညွတ် (မကုန်း) ရဘဲ လက်ဝါးပြင်ဖြင့် ပဆစ်ဒူးတို့ကို သုံးသပ်နိုင်ပြီး သဒ္ဓါသီလစတဲ့ သူတော်ဥစ္စာများနဲ့ ပြည့်စုံပါတယ်။ အမြတ်ဆုံး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဥစ္စာကို ရရှိပါတယ်။ လူအများရဲ့ အကျိုးစီးပွါးကို လိုလားခဲ့လို့ (၁၇) ခြင်္သေ့မင်းရဲ့ ရှေ့ပိုင်းကိုယ်နဲ့ တူတဲ့ ကိုယ်ရှိ။ (၁၈) လက်ပြင် နှစ်ခုအကြား ပြည့်ဖြိုးတဲ့ အသားရှိ။ (၁၉) ညီညာလုံးဝန်းတဲ့ လည်တိုင်ရှိပြီး သဒ္ဓါသီလ စတာတွေကနေ မဆုတ်ယုတ်၊ သဗ္ဗညုတဉာဏ်မှ မဆုတ်ယုတ်ပါဘူး။ သတ္တဝါတွေကို မညှင်းဆဲခဲ့လို့ (၂၀) အရသာကို ဆောင်နိုင်တဲ့ အလွန်ကောင်းမြတ်တဲ့ အကြောရှိပြီး အနာရောဂါ ကင်းပါတယ်။ ဝမ်းမီးနဲ့ ပြည့်စုံပါတယ်။ ဒေါသနဲ့ မျက်လုံးပြူးပြီး မကြည့်ခဲ့၊ မျက်စောင်း မထိုးခဲ့/ ရိုးဖြောင့်စွာ မေတ္တာဖြင့်သာ ကြည့်ခဲ့လို့ (၂၁) အလွန်ညိုသော မျက်လုံးရှိ။ (၂၂) နွားငယ်ရဲ့ မျက်တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။ ကုသိုလ်ကောင်းမှုတို့ကို ခေါင်းဆောင်ပြီး ပြုခဲ့လို့ (၂၃) သင်းကျစ်ဆင်ထားသကဲ့သို့သော ဦးခေါင်းရှိပြီး ဗုဒ္ဓအလိုကိုလိုက်တဲ့၊ အဆုံးအမကို လိုက်နာတဲ့ ဝေနေယျ များစွာရှိပါတယ်။ မှန်သောစကားတစ်မျိုးတည်းကိုသာ ပြောခဲ့လို့ ၊ သူများကို မလှည့်စားခဲ့လို့ (၂၄) မွေးညှင်းတစ်တွင်းမှာ မွေးညှင်တစ်ပင်သာရှိ။ (၂၅) မျက်မှောင်နှစ်ခုကြား ဖြူစင်တဲ့ ဥဏ္ဏလုံ မွေးရှင်တော်ရှိပြီး သတ္တဝါအများဟာ ဗုဒ္ဓအလိုကိုသာ လိုက်ရပါတယ်။ ဂုံးမတိုက်ခဲ့၊ ညီညွတ်ခြင်းကို အားပေးခဲ့လို့ (၂၆) လေးဆယ်သော။ (၂၇) မကြဲသောသွားရှိပြီး သူများ မဖြိုခွဲနိုင်တဲ့/ အဆုံးအမကို ခိုင်မြဲစွာ လိုက်နာတဲ့ ပရိသတ် ရှိပါတယ်။ ကြမ်းသောစကားကို မပြောခဲ့၊ နူးည့ံချိုသာ နားဝင်ချိုအောင် ပြောခဲ့လို့ (၂၈) ကြီးမားရှည်လျား နူးညံ့တဲ့ လျှာတော် ရှိ။ (၂၉) ဗြဟ္မာ့အသံနှင့် တူတဲ့ အသံရှိပြီး ဘုရားရှင်ရဲ့ စကားဟာ အောင်မြင်ပါတယ်။ ဘုရားရှင်ရဲ့ စကားကို နာယူလက်ခံကြပါတယ်။ အကျိုးမရှိ ပြိန်ဖျင်းတဲ့စကားကို မပြောခဲ့၊ အကျိုးရှိတဲ့ စကားကိုသာ ပြောခဲ့လို့ (၃၀) ခြင်္သေ့မေးနဲ့တူတဲ့ မေးရှိပြီး အတွင်းအပ ရန်သူတွေ မဖျက်ဆီးနိုင်ပါဘူး။ အသက်မွေးမှုစင်ကြယ်ခဲ့လို့ (စဉ်းလဲ ကောက်ကျစ်၊ ခေါင်းပုံဖြတ် မတရားသဖြင့် ဖြတ်လမ်းက အသက်မမွေးခဲ့လို့) (၃၁) ညီညွတ်တဲ့ သွားတွေရှိ။ (၃၂) အလွန် ဖြူစင်တဲ့ စွယ်တော်လေးဆူရှိပြီး မကောင်းမှု ကိလေသာကင်းတဲ့ စင်ကြယ်တဲ့ အခြံအရံ ရှိပါတယ်။ အကြောင်းအကျိုးများသာ ဆက်စပ်ဖြစ် ပေါ်နေသော သံသရာမှာ မှန်ကန်တဲ့ အကြောင်း အကျိုးကို သိမြင်ဖို့အရေးကြီးပါတယ်။ ကိုယ်အလိုရှိတဲ့အရာတွေ မရရှိခြင်း (အကျိုးချို့တဲ့နေခြင်း)ဟာ အကြောင်းချို့တဲ့ခဲ့လို့ပါပဲ။ အဲဒါကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ အပြစ်တင်မနေဘဲ အဲဒီ ချို့တဲ့ခဲ့တဲ့ အကြောင်းတွေကို ပြည့်စုံအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ်အလိုရှိတဲ့ အကျိုးတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။ အကျိုးကို မျှော်မျှော် မမျှော်မျှော် အကြောင်းကိုပြုရင် အကျိုးက ရမှာသေချာပါတယ်။ အကျိုးကို မျှော်ခြင်း မမျှော်ခြင်းကတော့ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ အခု ရေးခဲ့တာလေးတွေဟာ ကြောင်းကျိုးအမှန်ကို မြင်သိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံဉာဏ်ဖြစ်ပါတယ်။ ဒီဉာဏ်ကို အခြေခံ၊ တစ်ဆင့်ထက်တစ်ဆင့်မြင့်တဲ့ ဉာဏ်တွေရအောင်လုပ်ပြီး အမြင့်ဆုံး နိဗ္ဗာန်ရအောင် ကြိုးစားကြရမှာပါ...။ လက္ခဏာတော်မှ တစ်ဆင့် Author: Dhamma Yanant http://dhammayanantmm.blogspot.com Dhamma web website မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ (ဗဟုသုတတိုးပွားပြီး အသိတရားများရယူနိုင်ကြ ပါစေခင်ဗျာ) (ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန််အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့့််ကုသိုလ်ယူနိုင်ကြ ပါသည်ခင်ဗျာ)
Tuesday, July 28, 2015
Budda ၏ပုရိသလကၡဏာမ်ား
Friday, January 30, 2015
To Create Perfect Money E-wallet Account
Perfect Money (PM) ဖွင့်နည်း
PerfectMoney Account ဖွင့်နည်း
Online Payment Service တစ်ခုဖြစ်တဲ့ PerfectMoney အကောင့်က အခုဆိုရင် မြန်မာပြည်မှာလည်း အတော်ကို အသုံးပြုလာပါတယ်။
သူလည်းပဲ နာမည်ကြီး PayPal လိုမျိုး အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခုပဲ ဖြစ်ပါတယ်။
မိတ်ဆွေ၊ သူငယ်ချင်၊ နှင့် အခြားသူများထံ မိမိက ငွေပို့ချင်တာဖြစ်ဖြစ်၊ ထိုသူများထံမှ ငွေလက်ခံတာပဲ ဖြစ်ဖြစ် နိုင်ငံခြားငွေအတွက် ယုံကြည်စိတ်ချရသော အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခုသာ ဖြစ်ပါတယ်။
အရင်ကတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားငွေလွှဲဖို့ဆိုရင် PayPal ကိုပဲ အဓိက အားထားရပါတယ်။ ခက်တာက PayPal က မြန်မာအိုင်ပီဆို လော့ခ်ချလိုက်တာမျိုး၊ နောက် PayPal အနေနဲ့လည်း နိုင်ငံရွေးရင် မြန်မာနိုင်ငံလည်း ပါဝင်ခြင်းမရှိတာကို အကောင့်ဖွင့်သူတွေ တွေ့ရမှာပါ။ ကျွန်တော်လည်း PayPal Account ကို US နိုင်ငံသားပါဆိုပြီး အကောင့်ဖွင့်ထားရပါတယ်။ မလန်းဘူးပေါ့ဗျာ။ ဘယ်တက်နိုင်မလဲ။
နောက် PayPal Account က Bank , Credit Card တစ်ခုခုနဲ့ Verifed လုပ်ရတာလည်း ကွိုင်တစ်ခုပါပဲ။ Unverified ဖြစ်ရင် အကောင့်က လော့ခ်ကျတာလည်း ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံခြားက လူတွေအတွက် အဆင်ပြေကောင်းပြေပေမဲ့လည်း မြန်မာအတွက်တော့ ကသိကအောက်တော့ နည်းနည်းဖြစ်တာပေါ့ဗျာ။ အနာဂတ်တစ်ချိန်ချိန်မှာတော့ အဲ့ပြဿနာက အဆင်ပြေကောင်းပြေလာမှာပါ။
ကဲ့ အကောင့်ဖွင့်နည်းကို သွားလိုက်ရအောင်။
တကယ်တော့ အကောင့်ဖွင့်ရတာ အတော်ကို လွယ်ကူပါတယ်။ ဘာအိုင်ပီမှ ကျော်စရာလည်း မလိုသလို အချက်လက်တွေကလည်း စိတ်ကြိုက်ထည့်သွင်းနိုင်သလို ဖုန်းနံပါတ်တောင် ၀၉……… အစသဖြင့်ထည့်သွင်းနိုင်ပါတယ်။
နိုင်ငံမှာလည်း မြန်မာဆိုပြီး ရွေးနိုင်ပါတယ်။ မြို့ကတော့ ကိုယ်နေထိုင်တဲ့ မြိုပေါ့ဗျာ။ Zip Code မှာတော့ နှစ်သက်ရာ ကိန်းလေးလုံး ရိုက်ထည့်ရမှာပါ။ အဲ့တစ်ခုပါပဲ။
ကဲ့ အကောင့်ဖွင့်နိုင်အောင်………………
သို့ သွားရောက်ပါ။
အောက်က ပုံလိုမျိုးတွေ့မြင်နိုင်ပါတယ်။
ပုံ(၁)
ပုံ(၂)
ပုံ(၃)
ပုံ(၂) နှင့် ပုံ(၃) မှာ ကျွန်တော် အကောင့်တစ်ခုဖွင့်တဲ့ပုံစံကို ဉပမာ ပြပေးထားပါတယ်။ အချက်လက်တွေကတော့ မိတ်ဆွေတို့ အချက်လက်တွေထည့်ပေါ့နော့်။ Zip Code မှာ တော့ ကိန်းလေးလုံးထည့်ရမှာပါ။
ပုံ(၄)
အကောင့်ဖွင့်လိုက်ရင် ပုံ(၄) လိုမျိုးမြင်ရပါတယ်။ မိမိအီးမေးလ်မှာ အိုင်ဒီနံပါတ်ပို့ထားတယ်လို့ ပြောတာပါ။ PerfectMoney Account က တစ်ခြားအကောင့်တွေလိုမျိုး အီးမေးလ်နှင့် ဝင်ရတာမျိုးမဟုတ်ပါဘူး။ အိုင်ဒီနံပါတ်နဲ့ ဝင်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။
အကောင့်ကိုဝင်ရင် အဲ့ အိုင်ဒီနံပါတ်ကို အသုံပြုပြီး ဝင်ရမှာ ဖြစ်ပါတယ်။ ပက်စ်ဝက်ကတော့ အကောင့်ဖွင့်တုန်းက ပက်စ်ဝက်ပဲ အသုံးပြုရမှာပါ။ ကဲ့ အီးမေးလ်လေးတစ်ချက် သွားစစ်ရအောင်။
ပုံ(၅)
ကျွန်တော့်အကောင့်ဆီတော့ အီးမေးလ်ပို့ထားပါပြီ။ တကယ်လို့များ အီးမေးလ်ကို Inbox မှာ မတွေ့ရင် Span Folder မှာ ရှာကြည့်ပါ။ ကျွန်တော်က Outlook သုံးထားလို့ အခုလိုမျိုး မြင်ရတာ ဖြစ်ပါတယ်။ Gmail အသုံးပြုရင်တော့ မိမိ Gmail Inbox မှာ PerfectMoney က ပို့တဲ့ အီးမေးလ်ကို ရှာရမှာပါ။ အခုပုံမှာဆို ဒုတိယမေးလ် Welcome to Perfect Money … အဲ့ မေးလ်ကိုဖွင့်ရမှာပါ။
ပုံ(၆)
ပုံမှာ မြင်တဲ့အတိုင်းပါပဲ။ အိုင်ဒီနံပါတ်ကို ရပါပြီ။ PerfectMoney Website ကို အသုံးပြုလို့ရပြီပေါ့နော့်။ ကဲ့ သူဆိုဒ်လေးကို သွားပါမယ်။
ပုံ(၇)
မိမိရထားတဲ့ အိုင်ဒီနံပါတ်ရယ်၊ အကောင့်ဖွင့်တုန်းက ပက်စ်ဝက်လေးကို အသုံးပြုပြီး စာလုံးစောင်းလေးတွေကို မှန်အောင်ရိုက်၊ Authorize ဆိုတာလေးကို ကလစ်လုပ်ပါ။
ပုံ(၈)
ပုံ(၈)မှာ ကျွန်တော် ဘောင်ခတ်ထားတာက မိမိဆီငွေလွှဲချင်တဲ့ အခါအသုံးပြုမဲ့ PerfectMoney Account ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာတစ်ခုက Perfect Money Account က အခြားအကောင့်တွေလိုမျိုး အီးမေးလ်၊ အသုံးပြုသူအမည် စတာတွေနဲ့ ငွေပို့၊ ထုတ်ယူလို့မရပါဘူး။ သူ့က နံပါတ်လေးတွေနဲ့ ငွေလွှဲရတဲ့ အမျိုးအစားဖြစ်ပါတယ်။
ပုံ(၈) မှာဆိုရင် အပေါ်ဆုံးတစ်ခုက ကျွန်တော်လည်း မသိလို့ချန်လိုက်ပါမယ်။ ဒုတိယ U7815889 ဆိုတာက မိမိ US Dollar Account Number ပဲ ဖြစ်ပါတယ်။ အောက်ဆုံးက E7560704 ဆိုတာကတော့ EU ပိုက်ဆံအကောင့်နံပါတ်ပဲ ဖြစ်ပါတယ်။
တကယ်လိုများ ကိုယ်က ငွေရှာတဲ့ဆိုဒ်၊ သူငယ်ချင်းတစ်ယောက်ယောက်ဆီက ငွေလွှဲလက်ခံချင်တယ်ဆိုရင် အဲ့နံပါတ်လေးပေးပြီး ငွေပို့ခိုင်းရမှာပါ။
ဉပမာ။  ။ ကျွန်တော်က ငွေရှာတဲ့ဆိုဒ်က ငွေထုတ်ချင်တယ်ဆိုရင် Payment မှာ Perfect Money ကို ရွေးပြီး မိမိအကောင့် U7815889 ကို ညွန်းပေးရမှာဖြစ်ပါတယ်။ အသုံးပြုသူအတော်များများကတော့ ဒေါ်လာပဲ ပို့ကြမှာလို့ထင်ပါတယ်။သို့သော်လည်း EU ပို့ချင်တယ်ဆိုရင်တော့ အောက်ဆုံးက ကုဒ်လေးကို ညွန်းပေါ့ဗျာ။
တစ်ခြားတစ်ယောက်ယောက်ကို ငွေလွှဲချင်တယ်ဆိုရင်လည်း အဲ့တစ်ယောက်ရဲ့ US Dollar Number လေးတောင်းပြီး အဲ့နံပါတ်ရယ်၊ ငွေပမာဏရယ်နဲ့ လွဲပေးနိုင်ပါတယ်။
အိုကေပေါ့။ ဒီလောက်ဆို အိုကေပါပြီနော့်။ အခုလောလောဆယ်တော့ အကောင့်မှာ ဘာပိုက်ဆံမှ မရှိသေးပါဘူး။ ရှိလာရင် အဲ့နံပါတ်တွေနောက်မှာ တန်ဖိုးတွေ ပြပေးမှာပါ။
ဒီကောင်က ဆန်းတော့ဆန်းတယ်နော့်။ အကောင့်ဝင်ရတာ အိုင်ဒီနဲ့ ဝင်ရတယ်။ ငွေလက်ခံမယ်ဆိုတော့ နောက်ကုဒ်နံပါတ်နဲ့ ပို့မှ ရတယ်။ အဆန်းပဲ။ အားလုံးအဆင်ပြေနိုင်ပါစေဗျာ။
How to find money on the Internet(InAdPros.com)
Free 5$ ရယူပြီး inadpros မှာ အမြတ်ရှယ်ယာရအောင်လုပ်နည်း
(ငွေသွင်းငွေထုတ်ဖို့အတွက် Perfect Money တော့ရှိထားရမှာဖြစ်ပါတယ်)
register အကောင့်ပြီဒါနဲ့  $5 free မြန်မြန်ယူထားကြပါနော် ဒီမှာ ကိုနှိပ်ပါ အကောင့်လုပ်ပြီတာနဲ့  $ 5 မရောက်သေးဘူးနော် ထက်လုပ်ရအုန်မယ် လုပ်ပုံ လုပ်နည်းလေးကတော အောက်ကပုံစံအတိုင်လုပ်သွားပါ စမယ်နော်
ပုံ(1)
ပြီရင် အောက်ကပုံ gmail မှာသွားပြန်ကြည်ပါ သင့် Username နဲ့  Password ပို့လာပေးမယ် ok ပြီနော် သင်အကောင့် Log in ၀င်လို့ ရပြီနော် 
ပုံ(2) ကတော့ $ 5 မရောက်သေးဘူးနော် ထက်လုပ်ရအုန်မယ် 
လုပ်ပုံ လုပ်နည်းလေးကတော အောက်ကပုံစံအတိုင်လုပ်သွားပါ စမယ်နော်
Clain Your Free Signup Bonus Now နေရာမှာ Perfect Money , Solid Trustpay ,Payza စသဖြင့်ရှိပါတယ် မိမိတို့ သုံးတာကို ရွေးပေးပါ။ အောက်က ပုံအတိုင်းရွေးစရာမလိုပါ မိမိတို့ သုံးပြုတဲ့ ewalletကိုသာ ကလစ်လုပ်ပါ (စာဖတ်သူတို့က Perfect Money ကိုသာရွေးပေးပါ နောက်ပိုင်း ဒါကိုပဲသုံးသွားကြမှာပဲဖြစ်ပါတယ် လွယ်လည်းလွယ်တဲ့အတွက်ဖြစ်ပါတယ်)
ပုံ(3)
သင့် ပိုက်ဆံထုပ်တဲ့အကောင့် တစ်ခုရွေလိုက်ပါ Add Bonus နေရာမှာ ကလစ်လိုက်ပါ
ok ကလစ်ပါ $5 ရပြီနော် shares ၀ယ်မှရမယ်နော် ကဲ ၀ယ်လိုက်ရအောင် Buy Shares နေရာမှာ ကလစ်ပါ အောက်ကပုံ
အောက်ကပုံ 
Test Plan
$5.00
1 share(s) - 20 Share(s) 152.10% ရွေလိုက်ပါ ပြီရင် Submit ကို ကလစ်ပါ
အောက်ကပုံ ရောက်သွားမယ် ပုံထဲကလို့  လုပ်ပါ ပြီရင် Submit ကိုပဲ ဆက်ကလစ်ပါ 
ဒါဆိုရင် Shares ၀ယ်လို့ ပြီသွားပြီနော် ပိုက်ဆံ PM /solid trust pay စတဲ့ ewallet တွေနဲ့ ထုပ်ရုံပဲရှိတော့တယ်
Inadpros မှာ ငွေရရင် ငွေထုတ်ဖို့အတွက် Perfect Money Ewallet တစ်ခုကို အချိန်ရရင် လုပ်ထားလိုက်ပေါ့ဗျာ